International News

နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ရေကြီး/ ရေလျှံမှုများကြောင့် စားသုံးသူဈေးဆနှုန်းကိန်း (CPI) အပေါ် ယာယီထိခိုက်စေမည်ဟု ပြောကြားခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံတောင်ပိုင်းဒေသများတွင် မိုးကြီး၍ရေကြီးရေလျှံမှုများကြောင့် တရုတ်နိုင်ငံ၏စားသုံးသူဈေးဆနှုန်းကိန်း(CPI)အပေါ် ကာလတို သက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဟု ကျွမ်းကျင်သူများမှ ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ဈေးကွက်အတွင်း ကုန်စည်ရောင်းလိုအား လုံလောက်မှု ရှိသည့်အတွက် စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ်၊ နောက်ပိုင်းကာလများအတွင်း၌ သိသာစွာမြင့်တက်စေမည် မဟုတ် ကြောင်း၊ သက်ဆိုင်ရာဒေသန္တရအာဏာပိုင်များမှ ထုတ်ပြန်ခဲ့သည့်စာရင်းများအရ တရုတ်နိုင်ငံ၊ အရှေ့ပိုင်းဒေသရှိရေကြီးမှုများ အဓိကဖြစ်ပေါ် ခဲ့သည့်ဒေသများ၌ တစ်ခုအပါအဝင်ဖြစ်သော Jiangxi ပြည်နယ်တစ်ခုတည်းတွင်ပင် စီးပွားရေးအရပျက်စီးဆုံးရှုံးမှု တရုတ်ယွမ်ငွေ (၆.၄၉) ဘီလီယံ (အမေရိ ကန်ဒေါ်လာ (၉၂၆.၉) သန်း) ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါပြည်နယ်အတွင်း၌ စားနပ်ရိက္ခာများလုံလောက်စွာ ရှိသော် လည်း စားသောက်ကုန်များအား အသည်းအသန ဝယ်ယူလျက်ရှိသည့်အတွက် ဈေးနှုန်းများမြင့်တက်လာကြောင်း၊ သက်ဆိုင်ရာဒေသတွင် နေထိုင်သူများ အနေဖြင့် မိုးသည်းထန်မှုများပိုမိုဖြစ်ပွားပါက အဆင်သင့်ထားရှိနိုင်ရန် အစားအစာများ ဝယ်ယူစုဆောင်းနေကြကြောင်း၊ ဝက်သားဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ထပ်မံ၍မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ဝက်သားနှင့်ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက် လာသည့်အတွက် တရုတ်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် (၂.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ဝက်သားဈေးနှုန်းများသည် ( ၈၁.၆) ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်ဈေးနှုန်း (၄.၂) ရာခိုင်နှုန်း အသီးသီးမြင့်တက် ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလထက် (၀.၁) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ရေကြီးမှုများကြောင့် ရောင်းလိုအားကျဆင်းခဲ့သည့်အတွက် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ရေကြီးမှု များပြင်းထန်စွာဖြစ်ပေါ်ခဲ့သည့် Jiangxi အပါအဝင် ပြည်နယ်အချို့သည် ရောင်းလိုအားများ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရသဖြင့် ဈေးနှုန်းများမြင့်တက်မှုသည် ယာယီသာဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဖရိကဝက်တုပ်ကွေးရောဂါဖြစ်ပွားစဉ်မှစတင်၍ ပြည်တွင်းတွင် ဝက်မွေးမြူရေးလုပ်ငန်းအား အဓိကထားလုပ်ဆောင်ခဲ့သည့်အတွက် ဝက်သားရောင်းလိုအား လုံလောက်မှုရှိကြောင်း၊ ရောင်းလို အားမြင့်တက်လျက်ရှိသည့်အတွက် ရေကြီးမှုများကြောင့်ဖြစ်ပေါ်လျက်ရှိသည့် အကြီးမားဆုံးဖိအားမှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဖြစ် ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများ လျှော့ကျသွားမည်ဆိုပါက   သယ်ယူပို့ဆောင်ရေးအခက်အခဲ အခိုက်အတန့်သာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စီးပွားရေး ဆုံးရှုံးနစ်နာမှု တရုတ်ယွမ်ငွေ (၆၇) ဘီလီယံကျော် ဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် ယခုနှစ် ဖြစ်ပွားသည့်ရေကြီးရေလျှံမှုများသည် ပိုမိုကောင်းမွန် သည့် စီမံဆောင်ရွက်မှုများဖြင့် ကြိုတင်ကာကွယ်တားဆီးထားသည့်အတွက် ၂၀၁၆ ခုနှစ်ကထက် ဆုံးရှုံးမှုလျှော့ကျမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ၏ စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ်၊ တတိယလေးလပတ်ကာလအတွင်း၌ မြင့်တက်လာနိုင်ဖွယ်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်တွင် မိုးရွာသွန်းမှုရပ်တန့်သွားပါက စားသုံးသူဈေးဆနှုန်းကိန်း (CPI) ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထား ကြောင်းသိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ပေကျင်း)
 ရင်းမြစ်: https://www.globaltimes.cn/content/1194403.shtml

 

 

 

 

Category: International News